Story channel တွေ
စာတစ်ပုဒ်တည်းမှာ အသံပေါင်းစုံနဲ့ အပိုင်းဆက်တွေ ထုတ်လို့ရမယ်။
ကိုယ်ရေးထားတဲ့စာတွေကို တကယ့်မြန်မာတွေပြောတဲ့အတိုင်း Nara က အသက်သွင်းပေးမှာပါ။ လေယူလေသိမ်းမှန်မယ်၊ ခံစားချက်အပြည့်ပါမယ်၊ စက်ရုပ်အသံကြီးလို လုံးဝဖြစ်မနေဘူး။ ပြီးရင် အဲ့ဒီအသံနဲ့လိုက်မယ့် မျက်နှာတစ်ခုပါ ဖန်တီးပေးပြီး နှုတ်ခမ်းလှုပ်တာကအစ အံကိုက်ဖြစ်နေမှာပါ။
ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ ကြင်နာတာ — စကားလုံးတွေတင်မကဘဲ ခံစားချက်တွေပါ အပြည့်အဝရောက်ရှိစေမှာပါ။ စာမူတစ်ခုတည်းမှာ ဇာတ်ကောင်တွေအများကြီး ထည့်လို့ရတယ်။ လိုချင်တဲ့အသံကို စာတစ်ကြောင်းနဲ့ ဖော်ပြလိုက်ရုံနဲ့ အဲ့ဒီအသံကို ရနိုင်သလို၊ ပိုင်ရှင်ခွင့်ပြုချက်နဲ့ ကိုယ့်အသံကို clone လုပ်လို့လည်း ရသေးတယ်။
မြင်ကွင်းကို မြန်မာလို ရိုးရိုးရှင်းရှင်းလေး ရေးပြီး ကိုယ်ရေးထားတဲ့စာတွေကို နှုတ်ခမ်းလှုပ်တာကအစ အံကိုက်ပြောနေမယ့် ဇာတ်ကောင်တစ်ခုကို ဖန်တီးလိုက်ပါ။ ဈေးသက်သက်သာသာနဲ့ draft အရင်လုပ်၊ ပြီးမှ ကြည်လင်ပြတ်သားအောင် render လုပ်လို့ရတယ် — render လုပ်တာ မအောင်မြင်ရင်လည်း ဘာမှပေးစရာမလိုဘူး။
Nara Studio ထဲမှာ တိုက်ရိုက်ထုတ်လုပ်ထားတဲ့ AI အသံလေးတွေကို အောက်မှာ အစမ်းနားထောင်ကြည့်လိုက်ပါ။ မိုက်တယ်ကြိုက်တယ်ဆိုရင် အခုပဲ free အလကားစမ်းသုံးကြည့်လိုက်။
မြန်မြန်ဆန်ဆန်နဲ့ တက်ကြွလန်းဆန်းနေတဲ့ လေသံမျိုး။
စိတ်လှုပ်ရှားကြားနေကျ AI သံကြီးတွေလို မပီတပီ မလုပ်ဘူးနော်၊ တကယ်မြန်မာလိုကြီး မြန်မာလေသံနဲ့ ထွက်ပေးတာ Nara Audio ပါ။
Audiobook လား? ပုံပြင် channel လား? Recap short video လား? Storytelling လား? ကြော်ငြာ video တွေအတွက်လား? Dubbing လုပ်ချင်တာလား? အားလုံးအိုကေတယ်နော်!
စာတစ်ပုဒ်တည်းမှာ အသံပေါင်းစုံနဲ့ အပိုင်းဆက်တွေ ထုတ်လို့ရမယ်။
ကိုယ့် Product အတွက် စကားပြောပေးမယ့်သူကို အဲ့ဒီနေ့မှာပဲ ချက်ချင်းဖန်တီးလိုက်ပါ။
ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြန်ပြောပြမလား၊ ရှိပြီးသားဗီဒီယိုပေါ်မှာ မြန်မာလို အသံထပ်သွင်းမလား အကုန်ရတယ်။
Audio နဲ့ ဗီဒီယိုတွေမှာ မကြားနိုင်တဲ့ Watermark ပါဝင်ပြီး Public Verify page မှာ ဘယ်သူမဆို စစ်ဆေးနိုင်ပါတယ်။ အသံပွား (Cloning) လုပ်ဖို့ဆိုရင် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်လိုပါတယ် — နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ အသံတွေကိုတော့ ပိတ်ထားပါတယ်။
Free credits လေးတွေနဲ့ အရင်စမ်းကြည့်လိုက်ပါ။ MMQR scan ဖတ်ပြီး ကြိုက်တဲ့ပမာဏ Top up လုပ်လို့ရသလို၊ Audio ရော ဗီဒီယိုပါ Balance တစ်ခုတည်းကနေပဲ ဖြတ်သွားမှာပါ။
စသုံးဖို့ free credits ပေးထားတယ်၊ ကတ်တွေ subscription တွေ မလိုဘူးနော်။ စက္ကန့်ပိုင်းအတွင်း အသံထွက်လာမယ်၊ မိနစ်ပိုင်းအတွင်း Video ရမယ်။