Naraaudio
← Nara Audio သို့ ပြန်သွားရန်

ကိုယ်ရေးအချက်အလက် မူဝါဒ

နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ - 2026-07-05

အကျဉ်းချုပ်ကတော့ - voice studio တစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်အလက်လောက်ပဲ ယူပါတယ်⁠။ Telegram က မက်ဆေ့ချ်တွေကိုလည်း လုံးဝမဖတ်ဘူး⁠၊ ကိုယ့်အချက်အလက်တွေကိုလည်း ဘယ်သူ့ကိုမှ ပြန်မရောင်းပါဘူး⁠။

ဘယ်လိုအချက်အလက်တွေ ယူသလဲ

  • Sign-in အတွက် - Telegram ကပေးတဲ့ ကိုယ့်ရဲ့အမည်⁠၊ username နဲ့ numeric id လောက်ပဲ ယူပါတယ်⁠။ မက်ဆေ့ချ်တွေ⁠၊ contact တွေနဲ့ ဖုန်းနံပါတ်တွေကို လုံးဝမယူပါဘူး⁠။
  • ကိုယ့်ရဲ့အလုပ် - ကိုယ်ရိုက်ထားတဲ့ script တွေ⁠၊ ထုတ်ထားတဲ့ အသံဖိုင်တွေ (History)⁠၊ ကိုယ်တိုင်ဖန်တီးထားတဲ့ voice တွေနဲ့ clone လုပ်ထားတဲ့ အသံနမူနာတွေ⁠၊ သဘောတူညီချက်တွေကို သိမ်းထားပေးပါတယ်⁠။
  • ငွေပေးချေမှု - MMQR နဲ့ top up လုပ်ထားတဲ့ pack အမျိုးအစား⁠၊ ပမာဏနဲ့ payment status ကိုပဲ မှတ်ထားတာပါ⁠။ ငွေပေးချေမှုကိုတော့ ကိုယ့်ရဲ့ banking app ထဲမှာပဲ လုပ်ရတာဖြစ်လို့ ကိုယ့်ရဲ့ wallet ဒါမှမဟုတ် ကတ်အချက်အလက်တွေကို ကျွန်တော်တို့ လုံးဝမသိရပါဘူး⁠။

ကျွန်တော်တို့ ဘာတွေမလုပ်ဘူးလဲ

  • ကိုယ့်အချက်အလက်တွေကို ကြော်ငြာရှင်တွေဆီ ရောင်းတာ⁠၊ မျှဝေတာမျိုး လုံးဝမလုပ်ပါဘူး⁠။ Site ထဲမှာလည်း third-party tracker တွေ မသုံးထားပါဘူး⁠။
  • ကိုယ်ထုတ်ထားတဲ့ အသံတွေနဲ့ voice တွေက ကိုယ့်အကောင့်ထဲမှာပဲ သီးသန့်ရှိနေမှာပါ⁠။ တခြားသူတွေ ကြည့်လို့⁠၊ သုံးလို့ မရပါဘူး⁠။

Provenance watermark

ထွက်လာတဲ့ အသံဖိုင်တိုင်းမှာ နားနဲ့မကြားနိုင်တဲ့ watermark တစ်ခု ပါဝင်ပါတယ်⁠။ ဒါဟာ အလွဲသုံးစားလုပ်တာ (deepfakes, scams) တွေကို စစ်ဆေးနိုင်ဖို့ဖြစ်ပြီး ဒီစနစ်က အားလုံးအတွက် လုံခြုံရေးအရ ထည့်ပေးထားတာဖြစ်လို့ ပိတ်ထားလို့မရပါဘူး⁠။

အချက်အလက်တွေကို ဘယ်မှာသိမ်းသလဲ

ကိုယ့်အကောင့်နဲ့ အသံဖိုင်တွေကို စိတ်ချရတဲ့ cloud storage တွေမှာပဲ သိမ်းပါတယ်⁠။ Browser ထဲမှာတော့ session⁠၊ theme နဲ့ language choice လောက်ပဲ မှတ်ထားပေးတာပါ⁠။

အချက်အလက်များ ဖျက်သိမ်းခြင်း

ကိုယ်သိမ်းထားတဲ့ voice တွေနဲ့ history တွေကို အချိန်မရွေး ဖျက်နိုင်ပါတယ်⁠။ အကောင့်တစ်ခုလုံး ဖျက်ချင်ရင်တော့ Report page ကနေ လှမ်းပြောပေးပါ⁠။ လိုအပ်တဲ့ ငွေပေးချေမှု မှတ်တမ်းအချို့ကလွဲလို့ ကျန်တဲ့အချက်အလက်အားလုံးကို ဖျက်ပေးမှာပါ⁠။

သိချင်တာရှိရင် Report page ကနေ အချိန်မရွေး လှမ်းမေးလို့ရတယ် — ကျွန်တော်တို့ဆီ တိုက်ရိုက်ရောက်မှာပါ⁠။ Report page