ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ
နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ - 2026-07-05
Nara Audio ဟာ မြန်မာစကားအတွက် အထူးပြုထားတဲ့ text-to-speech studio တစ်ခုပါ။ အကောင့်ဖွင့်တာ ဒါမှမဟုတ် အသံထုတ်ယူတာနဲ့တင် ဒီစည်းကမ်းချက်တွေကို သဘောတူပြီးသား ဖြစ်သွားပါပြီ — လိုရင်းတိုရှင်းပဲ ရေးထားတာမို့ ဖတ်ကြည့်ပေးပါဦး။
Credits နှင့် ငွေပေးချေမှု
- Nara က prepaid စနစ်ပါ - MMQR နဲ့ credits ဝယ်ထားပြီး အသံထုတ်တဲ့အခါမှ နှုတ်သွားတာပါ။ လစဉ်ကြေးပေးစရာမလိုသလို အလိုအလျောက် ပိုက်ဆံဖြတ်တာမျိုးလည်း မရှိပါဘူး။
- အကောင့်သစ်တွေအတွက် Telegram verification လုပ်ပြီးတာနဲ့ 160 free credits ရမှာပါ။ Free credits တွေက 1 လ သက်တမ်းရှိပြီး ဝယ်ထားတဲ့ credits တွေကတော့ 12 လ သက်တမ်းရှိပါတယ်။
- အသံထုတ်ဖို့ သုံးလိုက်တဲ့ credits တွေကိုတော့ ပြန်အမ်းပေးလို့မရပါဘူး (အသံထုတ်လိုက်တာနဲ့ GPU က အလုပ်လုပ်သွားလို့ပါ)။ ငွေပေးချေမှု မအောင်မြင်ရင် ဒါမှမဟုတ် cancel လုပ်ရင်တော့ credits နှုတ်မှာမဟုတ်ပါဘူး။
- ကျွန်တော်တို့ဘက်က အမှားအယွင်းတစ်ခုခုရှိရင် (ဥပမာ - ပိုက်ဆံလွှဲပြီး credits မတက်တာ၊ အသံက လုံးဝပျက်နေတာမျိုး) Report page ကနေ လှမ်းပြောပေးပါ၊ အမြန်ဆုံး အဆင်ပြေအောင် လုပ်ပေးပါမယ်။
Voice cloning နှင့် သဘောတူညီချက်
- ကိုယ့်အသံ ဒါမှမဟုတ် ခွင့်ပြုချက်ရထားတဲ့ အသံတွေကိုပဲ clone လုပ်ပါ။ Clone တစ်ခုလုပ်တိုင်း ဒါကို ကိုယ်တိုင်ဝန်ခံချက်ပေးရမှာ ဖြစ်ပါတယ်။
- Public figure တွေနဲ့ ခွင့်ပြုချက်မရထားတဲ့သူတွေရဲ့ အသံကို Clone လုပ်ခွင့်မရှိပါဘူး။ လိုအပ်ရင် ခွင့်ပြုချက်အထောက်အထား တောင်းခံမှာဖြစ်ပြီး စည်းကမ်းဖောက်ဖျက်တဲ့ အသံတွေကို ဖျက်ပစ်မှာပါ။
အသုံးပြုရန် စည်းကမ်းချက်များ
- လိမ်လည်တာ၊ လူယောင်ဆောင်တာ၊ နှောင့်ယှက်တာနဲ့ သတင်းအမှားဖြန့်တာမျိုးတွေအတွက် Nara ကို လုံးဝအသုံးမပြုပါနဲ့။ ဘယ်သူပြောနေတာလဲဆိုတာ လူတွေအထင်လွဲအောင် လုပ်တဲ့ အသံဖိုင်တွေလည်း မပြုလုပ်ရပါဘူး။
- ဘယ်အသံနဲ့မဆို လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့ content တွေ လုံးဝ (လုံးဝ) အသုံးမပြုရပါ။ ဒါမျိုးတွေ ဖြန့်ဝေတာဟာ မြန်မာနိုင်ငံမှာ ဥပဒေနဲ့ မကင်းတဲ့အတွက် Nara မှာ လုံးဝ ခွင့်မပြုပါဘူး။
- စည်းကမ်းဖောက်ဖျက်တဲ့ Account တွေကို ပိတ်ပစ်ပိုင်ခွင့်ရှိပါတယ်။ မသင်္ကာတဲ့ အသံဖိုင်တွေကို Report page မှာ တိုင်ကြားနိုင်ပြီး အသံဖိုင်တိုင်းကို ဘယ်သူလုပ်ခဲ့လဲဆိုတာ ပြန်ခြေရာခံလို့ရပါတယ်။
သင်ဖန်တီးထားတဲ့ အသံဖိုင်များ
- Nara နဲ့လုပ်ထားတဲ့ အသံဖိုင်တွေက သင့်အပိုင်ပါပဲ။ Video တွေ၊ ကြော်ငြာတွေ၊ Audiobook တွေမှာ စိတ်ကြိုက်သုံးပါ။ စီးပွားရေးအတွက်သုံးမလား၊ အပျော်သုံးမလား အကုန်ရတယ်။
- သင်ရိုက်ထည့်တဲ့ စာသားတွေနဲ့ Upload တင်တဲ့ အသံနမူနာတွေအတွက် သင်ကိုယ်တိုင်မှာ တာဝန်ရှိပါတယ်။ ဒါတွေဟာ သင့်မှာ အသုံးပြုပိုင်ခွင့်ရှိတဲ့အရာတွေပဲ ဖြစ်ရပါမယ်။
- Nara ကထွက်တဲ့ အသံဖိုင်တိုင်းမှာ နားနဲ့မကြားနိုင်တဲ့ Watermark ပါဝင်ပါတယ်။ ဒါက အသံကို မပြောင်းလဲစေဘဲ Nara ကနေ လုပ်ထားတာ ဟုတ်မဟုတ် Verify page မှာ ပြန်စစ်လို့ရအောင် ထည့်ပေးထားတာပါ။
ဝန်ဆောင်မှုဆိုင်ရာ
- Nara ကို အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေပေမဲ့ တစ်ခါတလေ Downtime ရှိနိုင်သလို AI အသံဖြစ်တဲ့အတွက် အမှားအယွင်းလေးတွေ ရှိနိုင်ပါတယ်။ အဆင်မပြေရင် Retake ပြန်လုပ်ပေးရုံပါပဲ။
- Product တိုးတက်လာတာနဲ့အမျှ Features တွေနဲ့ ဈေးနှုန်းတွေ ပြောင်းလဲနိုင်ပါတယ်။ သင့်ဆီမှာရှိပြီးသား Credits တွေကတော့ ဆက်သုံးလို့ရမှာဖြစ်ပြီး အပြောင်းအလဲကြီးကြီးမားမားရှိရင် ကြိုတင်အသိပေးပါမယ်။
သိချင်တာရှိရင် Report page ကနေ အချိန်မရွေး လှမ်းမေးလို့ရတယ် — ကျွန်တော်တို့ဆီ တိုက်ရိုက်ရောက်မှာပါ။ Report page